Wednesday, November 6, 2013




ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်ပိုင်းတွင်တည်ရှိပြီး ၁၁၇၃၀.၈၅ စတုရန်းမိုင်ကျယ်ဝန်းသည်။ ကရင်၊ ပအိုင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများ ရှေးပဝေသဏီကတည်းကပင် ချစ်ခင်စည်းလုံးစွာနေထိုင်ကြလာခဲ့ကြသည်။ လွင်ပြင်၊ တောင်တန်း၊ သစ်တောများနှင့်ဆက်စပ်နေသော ပြည်နယ်ဖြစ်သည်။ ပြည်နယ်၏အရှေ့ဘက်ပိုင်းတွင် မြောက်မှ တောင်သို့သွယ်တန်းနေသောတောင်တန်းများ၊ အနောက်ဘက်ပိုင်းတွင် မြေနိမ့်လွင်ပြင်များ တည်ရှိသည်။ ပြည်နယ်အတွင်းသံလွင်၊ သောင်ရင်း၊ အတ္တရံ၊ ဂျိုင်း စသည့်မြစ်ကြီးများ စီးဆင်းလျက်ရှိသည်။ သာယာလှပသော တောတောင်လွင်ပြင်နှင့် ပေါများကြွယ်ဝသည့် မြေသယံ ဇာတ၊ ရေသယံဇာတများရှိသည်။
ကိုလိုနီနယ်ချဲ့များထားရစ်ခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်ပြားခြင်းဟူသည့် သမိုင်းဆိုးမွေကြောင့် ယခင်ကတည်ငြိမ်အေးချမ်းမှုမရှိဘဲ  ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရသဖြင့်၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရှိစေရန်နှင့် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများနှင့်တန်းတူ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မျက်မှောက်ကာလနိုင်ငံတော်အစိုးရက စီမံကိန်းမျိုးစုံကို ပြည်နယ်အနှံ့အပြားတွင် အကောင်အထည် ဖော်ပေးလျက်ရှိသည်။
သံလွင်၊ အတ္တရံ၊ ဂျိုင်းမြစ်များပေါ်တွင် တံတားကြီးများကို တည်ဆောက်ပေးထား သဖြင့် ယခုအခါ အခြားဒေသများသို့လွယ်ကူချောမွေ့စွာ ဆက်သွယ်သွားလာနိုင်ပြီဖြစ်သည်။ ယခင်ကလမ်းမိုင်စုစုပေါင်း တစ်ထောင်ကျော်သာရှိရာမှ ယခုမိုင်သုံးထောင်ကျော်အထိ ရှိလာသည်။ ပြည်နယ်အတွင်း အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ထွက်လာစေရန်အတွက် ကွန်ပျူတာတက္ကသိုလ်တစ်ခုနှင့် နည်းပညာတက္ကသိုလ်တစ်ခု တည်ဆောက်ပေးထားပြီးဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုတွင်လည်း ဆေးရုံများ၊ ကျန်းမာရေးစောင့်ရှောက်မှုဌာနများ သိသာစွာ များပြားလာသည်။ ထို့ပြင် ပြည်နယ်၏အနာဂတ်ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် အကျိုးပြုဧက ၃၀၀၀ရှိမည့် ရေဘုတ်ရေလှောင်တမံ၊ ကင်းယော်နှင့် ဟောင်သရောမြစ်တို့ကိုဖြတ်သန်းမည့် မြစ်ကူးတံတားကြီးများနှင့် ၇၃၂၅ မဂ္ဂါဝပ်ထုတ်လွှတ်ပေးမည့် ဟတ်ကြီးရေလှောင်စီမံကိန်းတို့ကို တည်ဆောက်ပေးလျက်ရှိသည်။
          ၁၉၈၈ခုနှစ်ကာလအခြေအနေများနှင့်နှိုင်းယှဉ်ကြည့်ပါက ကရင်ပြည်နယ်သည် အံ့မခန်းတိုးတက်လာပြီဟု ဆိုနိုင်ပေသည်။  ယင်းမှာ ပြည်သူပြည်သားများအပေါ်ထားရှိသော နိုင်ငံတော်အစိုးရ၏စေတနာ၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဒေသခံများ၏ကြိုးစားအားထုတ်မှု တို့ကြောင့်ပင်ဖြစ်သည်။
Standing in the southeast of Myanmar, Kayin State with an area of 11,730.85 square miles is home to various national races inclusive of Kayin, PaO, Mon, Bamar, Rakhine and Shan who have been living in amity and harmony from time immemorial. It shares plains, mountain ranges and jungles. In the east of the state are several mountain ranges stretching from north to south and in the west, low-lying plains. The Thanlwin River, the Thaungyin River, the Attayan and the Gyaing River flow through the state. It is blessed with pleasant and beautiful mountain ranges and plains and a large number of land and water resources.
Nevertheless, Kayin State previously lacked stability and peace and lagged behind other regions in development due to the legacy of disintegration of national solidarity intentionally left by the colonialists. Accordingly, the government has been implementing a variety of projects throughout Kayin State in order that it will be able to enjoy stability and peace again and catch up with other regions and states in terms of development.
As a result of the bridges spanning the Thanlyin River, the Attayan River and the Gyaing River which have been constructed recently, Kayin State is now also easily accessible by land from and to any other region around the country. Up to now, the total length of the roads in the state has increased from over 1000 to over 3000 miles, and it has recently witnessed a university for computer studies and a technological university intended to increase the number of the intellectual and intelligentsia along with a growing number of hospitals and health care centres. Yayboke Dam Project, which will be able to irrigate 3000 acres of farmlands, bridge projects crossing the Kinyaw River and the Haungthayaw River, and Hatgyi Dam Project, which will be able to generate 7325 megawatts a year on completion, are in progress for a bright future of the region.
Therefore, it is fair to say that Kayin State has enjoyed dramatic development if compared with its conditions in 1988, which is largely due to the benevolent attitude the government shows towards the people, the restoration of regional stability and peace, and hard work of local residents.

Friday, November 1, 2013



နိုင်ငံခြားဧည့်သည်တွေစိတ်ဝင်စားတဲ့အင်းလေးကန်က ကောလာတယ်။ ရေပေါ်ဈေး ရောင်းချတဲ့ နေရာကကျဉ်းသွားတယ်။ အရင်တုန်းက ငါးရက်တစ်ဈေးဆိုပြီး ရေပေါ်ဈေးတွေရှိတယ်။ အခုမရှိတော့ဘူး။ ရေထဲမှာရောင်းချတဲ့ ရိုးရာဓလေ့ဟာ ပျောက်ကွယ်နေပြီ။ အခုဖောင်တော်ဦး ဘုရားမှာ ဈေးတစ်ခုလုပ်လိုက်တော့ ရှေးကတည်းကရှိတဲ့ ရေပေါ်ဈေးက ပျောက်ကွယ်ဖို့များနေပြီ။ ၀ိုင်းဝန်းပြီး ပြန်လည်ဖော်ထုတ်ပေးဖို့လိုပြီ ဟု အင်းလေး၊ တောင်ကြီးဟိုတယ်ဇုန်အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။ 
ရိုးရာဓလေ့နှင့်အညီ ရောင်းချနေသော ရေပေါ်ဈေးမှာ ယခုအခါ တိမ်မြုပ်ပျောက်ကွယ်နေ သော်လည်း အင်းလေးရိုးရာ ရေပေါ်ဈေးကို ပုံစံယူကာ ထိုင်းနိုင်ငံတွင် ရိုးရာပေါ်ဈေးတစ်ခု ဖန်တီးပြီး ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင် ၀င်ငွေများရှာဖွေနေကြောင်း သိရသည်။ ကမ္ဘာ့နိုင်ငံများတွင် မရှိနိုင်သည့် ရေပေါ်ဈေးကိုပြန်လည် ဖော်ထုတ် မည်ဆိုပါက ပြည်တွင်း ပြည်ပ ဧည့်သည်များပြားစွာ ၀င်ရောက်လာမည်ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။
သဘာဝအတိုင်း တည်ရှိပြီး ဖြစ်တဲ့ရေပေါ်ဈေးကို ပြန်ဖော်ထုတ်သင့်ပါတယ်။ ဒါမှလည်း နိုင်ငံခြားသားဧည့်သည်တွေ တိုးလာမယ်။ ခုဟာက ရေပေါ်ဈေးပျောက်ပြီး အမှတ်တရပစ္စည်းအရောင်း ဆိုင်တွေများလာတယ်။ အရင်က အဲသည်လောက်မရှိဘူး။ ရေပေါ်ဈေး နေရာကို ၀င်ယူသလိုဖြစ်နေ တယ်။ သက်ဆိုင်ရာက ဒါကို ပြန်ဖော်ထုတ်ပေးသင့်ပါတယ် ဟုဂျပန် ဧည့်လမ်းညွှန်တစ်ဦးက ပြောသည်။
၂၀၁၀ လောက်တုန်းက ရေခန်းသွားလို့ စက်ကြီးတွေနဲ့ ကုတ်ယူရတဲ့အထိ ရောက်တယ်။ အင်းလေးကန်ပတ်လည်မှာရှိတဲ့ သစ်ပင်တွေမရှိတော့ဘဲ ရွှေ့ပြောင်းတောင်ယာနဲ့ စိုက်ခင်းတွေပဲ ရှိတယ်။ သူတို့ဆီက ဓာတုဗေဒစိုက်ပျိုးရေးသုံးပစ္စည်းတွေကြောင့် ရေထဲမှာလည်း ညစ်ပတ် နေပြီး တစ်စတစ်စ ကောလာတယ်။ ဒီပုံတိုင်းဆို နောက်နှစ်ပေါင်းလေးငါးဆယ်ဆို အင်းလေးကန် ရှိတောင် ရှိပါ့မလားဆိုတာ မတွေးရဲဘူး။ ဒါကိုအစိုးရ အပါအ၀င် ဒေသခံပြည်သူတွေ အသိစိတ်နဲ့ ပါဝင်ကူညီမယ်ဆိုရင်တော့ ပြန်လည်ပြုပြင်ရေးမှာ အကောင်းဆုံးအနေအထားတစ်ခု ရောက်နိုင်တယ်လို့ မျှော်လင့်တယ် ဟု အင်းလေးကန်ဖွံ့ဖြိုးရေးတွင် ပါဝင်လုပ်ကိုင်နေသူ ဦးစည်သူလွင်က ပြောသည်။
အင်းလေး ရေပေါ်ဈေးသည် ၁၉၉၇-၉၈ ခုနှစ်လောက်ခန့်မှ စတင်ကာ တဖြည်းဖြည်း တိမ်မြုပ်ပျောက် ကွယ်စပြုလာခဲ့ပြီး ယခုအချိန်တွင် လုံးဝပျောက်ကွယ်လု အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
“Inlay Lake, a popular tourist attraction, is silting up and the water surface is getting small. There used to be five-day floating markets, but now they are no more. The long tradition of trading on the water surface is diminishing. To make matters worse, a new market has been set up at the Phaungdaw Oo Pagoda, so this tradition is in danger of becoming defunct. Accordingly, it is time we worked together to revive this tradition,” said Secretary of Inlay-Taunggyi Hotels Zone U Aung Kyaw Moe.
          It is learnt that the traditional floating market is fading away, but Thailand has erected an artificial floating market in the design of Inlay traditional floating market with the aim of attracting the attention of more foreign tourists. He added that the region would receive a greater number of local and foreign tourists if the peculiar floating market was revitalized.
A tour guide for Japanese tourists said, “We should revive the traditional floating market, and only then will the region will be more attractive to foreign tourists. But, the floating market is no more and there are more and more souvenir shops. Previously, souvenir shops were not that many. In fact, the floating market is replaced with them. So, authorities should try to revive it.”
 “Around 2010, the lake dried up, so it was dredged with dredgers. Now, around the Inlay Lake are slash and burn farms and plantations, but no trees. The lake has been polluted with toxic waste from the agricultural farms and it’s silting up. I can’t bear the thought that Inlay Lake can last for only 40 to 50 years from now if things go on like that. I hope that tasks for renovation of the lake will be stepped up if the government and local residents take part in the tasks with a sense of duty,” said U Si Thu Lwin, who is participating in the movements for sustainable development of the lake.
Inlay Lake floating market has been diminishing since 1997-98 and now it is on the edge of dwindling away.