ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်ပိုင်းတွင်တည်ရှိပြီး
၁၁၇၃၀.၈၅ စတုရန်းမိုင်ကျယ်ဝန်းသည်။ ကရင်၊ ပအိုင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများ
ရှေးပဝေသဏီကတည်းကပင် ချစ်ခင်စည်းလုံးစွာနေထိုင်ကြလာခဲ့ကြသည်။ လွင်ပြင်၊ တောင်တန်း၊
သစ်တောများနှင့်ဆက်စပ်နေသော ပြည်နယ်ဖြစ်သည်။ ပြည်နယ်၏အရှေ့ဘက်ပိုင်းတွင် မြောက်မှ တောင်သို့သွယ်တန်းနေသောတောင်တန်းများ၊
အနောက်ဘက်ပိုင်းတွင် မြေနိမ့်လွင်ပြင်များ တည်ရှိသည်။ ပြည်နယ်အတွင်း၌ သံလွင်၊ သောင်ရင်း၊ အတ္တရံ၊ ဂျိုင်း စသည့်မြစ်ကြီးများ
စီးဆင်းလျက်ရှိသည်။ သာယာလှပသော တောတောင်လွင်ပြင်နှင့် ပေါများကြွယ်ဝသည့် မြေသယံ ဇာတ၊
ရေသယံဇာတများရှိသည်။
ကိုလိုနီနယ်ချဲ့များထားရစ်ခဲ့သည့်
တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်ပြားခြင်းဟူသည့် သမိုင်းဆိုးမွေကြောင့် ယခင်ကတည်ငြိမ်အေးချမ်းမှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရသဖြင့်၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရှိစေရန်နှင့်
အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများနှင့်တန်းတူ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မျက်မှောက်ကာလ၌ နိုင်ငံတော်အစိုးရက စီမံကိန်းမျိုးစုံကို ပြည်နယ်အနှံ့အပြားတွင်
အကောင်အထည် ဖော်ပေးလျက်ရှိသည်။
သံလွင်၊
အတ္တရံ၊ ဂျိုင်းမြစ်များပေါ်တွင် တံတားကြီးများကို တည်ဆောက်ပေးထား သဖြင့် ယခုအခါ အခြားဒေသများသို့လွယ်ကူချောမွေ့စွာ
ဆက်သွယ်သွားလာနိုင်ပြီဖြစ်သည်။ ယခင်ကလမ်းမိုင်စုစုပေါင်း တစ်ထောင်ကျော်သာရှိရာမှ ယခုမိုင်သုံးထောင်ကျော်အထိ
ရှိလာသည်။ ပြည်နယ်အတွင်း အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ထွက်လာစေရန်အတွက် ကွန်ပျူတာတက္ကသိုလ်တစ်ခုနှင့်
နည်းပညာတက္ကသိုလ်တစ်ခု တည်ဆောက်ပေးထားပြီးဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုတွင်လည်း
ဆေးရုံများ၊ ကျန်းမာရေးစောင့်ရှောက်မှုဌာနများ သိသာစွာ များပြားလာသည်။ ထို့ပြင် ပြည်နယ်၏အနာဂတ်ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက်
အကျိုးပြုဧက ၃၀၀၀ရှိမည့် ရေဘုတ်ရေလှောင်တမံ၊ ကင်းယော်နှင့် ဟောင်သရောမြစ်တို့ကိုဖြတ်သန်းမည့်
မြစ်ကူးတံတားကြီးများနှင့် ၇၃၂၅ မဂ္ဂါဝပ်ထုတ်လွှတ်ပေးမည့် ဟတ်ကြီးရေလှောင်စီမံကိန်းတို့ကို
တည်ဆောက်ပေးလျက်ရှိသည်။
၁၉၈၈ခုနှစ်ကာလအခြေအနေများနှင့်နှိုင်းယှဉ်ကြည့်ပါက
ကရင်ပြည်နယ်သည် အံ့မခန်းတိုးတက်လာပြီဟု ဆိုနိုင်ပေသည်။ ယင်းမှာ ပြည်သူပြည်သားများအပေါ်ထားရှိသော နိုင်ငံတော်အစိုးရ၏စေတနာ၊
ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဒေသခံများ၏ကြိုးစားအားထုတ်မှု တို့ကြောင့်ပင်ဖြစ်သည်။
Standing
in the southeast of Myanmar, Kayin State with an area of 11,730.85 square miles
is home to various national races inclusive of Kayin, PaO, Mon, Bamar, Rakhine
and Shan who have been living in amity and harmony from time immemorial. It
shares plains, mountain ranges and jungles. In the east of the state are
several mountain ranges stretching from north to south and in the west,
low-lying plains. The Thanlwin River, the Thaungyin River, the Attayan and the
Gyaing River flow through the state. It is blessed with pleasant and beautiful
mountain ranges and plains and a large number of land and water resources.
Nevertheless,
Kayin State previously lacked stability and peace and lagged behind other
regions in development due to the legacy of disintegration of national
solidarity intentionally left by the colonialists. Accordingly, the government
has been implementing a variety of projects throughout Kayin State in order
that it will be able to enjoy stability and peace again and catch up with other
regions and states in terms of development.
As
a result of the bridges spanning the Thanlyin River, the Attayan River and the
Gyaing River which have been constructed recently, Kayin State is now also
easily accessible by land from and to any other region around the country. Up
to now, the total length of the roads in the state has increased from over 1000
to over 3000 miles, and it has recently witnessed a university for computer
studies and a technological university intended to increase the number of the
intellectual and intelligentsia along with a growing number of hospitals and
health care centres. Yayboke Dam Project, which will be able to irrigate 3000
acres of farmlands, bridge projects crossing the Kinyaw River and the
Haungthayaw River, and Hatgyi Dam Project, which will be able to generate 7325
megawatts a year on completion, are in progress for a bright future of the
region.
Therefore,
it is fair to say that Kayin State has enjoyed dramatic development if compared
with its conditions in 1988, which is largely due to the benevolent attitude
the government shows towards the people, the restoration of regional stability
and peace, and hard work of local residents.
No comments:
Post a Comment