Monday, October 28, 2013



မြန်မာနိုင်ငံမှာလက်ခံကျင်းပမဲ့ ၂၇ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲအတွက် တရုတ်နိုင်ငံက ယွမ်၂၁၂သန်းထောက်ပံ့ပေးမှာဖြစ်ပြီး ဖွင့်ပွဲပိတ်ပွဲတွေအပြင် အားကစားနည်းများစွာအတွက် နည်းပြများပါ အကူအညီပေးထားတယ်လို့ အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
China will provide 212 million yuan for the XXVII SEA Games to be hosted by Myanmar along with the technical assistance for the opening and closing ceremonies and its coaches for many sports, said Union Minister for Sports U Tint San at the press conference in Naypyitaw.
မြန်မာနိုင်ငံကလက်ခံကျင်းပခွင့်ရတဲ့ ၂၇ကြိမ်မြောက်ဆီးဂိမ်းကို ၁၁-၁၂-၂၀၁၃မှာ စတင် ကျင်းပမှာဖြစ်ပြီး နေပြည်တော်၊ရန်ကုန်၊မန္တလေးနဲ့ငွေဆောင်လေးနေရာခွဲပြီးကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ “ဖွင့်ပွဲပိတ်ပွဲကျင်းပဖို့ရောဆီးဂိမ်းအတွက်ပါ တုတ်က ယွမ်၂၁၂သန်း ကူညီမှာပါ်” လို့ အားကစားဝန်ကြီးက ဆိုပါတယ်။
The XXVII SEA Games will be launched on 11 December 2013 and sports events will take place in four places: Naypyitaw, Yangon, Mandalay and Ngwe Saung. He said, “China has granted Myanmar a financial assistance of 212 million yuan both for the opening and closing ceremonies and for the SEA Games.
ဆီးဂိမ်းကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်တဲ့အတွက် ပမာဏရွေးချယ်ထားတဲ့ မြန်မာအားကစားသမားတွေကို ၂၀၁၂ နှစ်ဆန်းပိုင်းကစပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိုတ်အစိုးရနှင့်မြန်မာအစိုးရ နှစ်ဖက်သဘောတူညှိနှိုင်းချက်အရ တုတ်နည်းပြများပါ မြန်မာနိုင်ငံကိုအကူအညီများပေးထားတယ်လို့ ဆိုပါတယ်။
Myanmar has an opportunity to host the SEA Games and so tentatively-selected Myanmar athletes have been undergoing hard training since early 2012. Under the bilateral agreement between the Chinese government and the Myanmar government, Chinese coaches are training Myanmar athletes.
ဆီးဂိမ်းပြိုင်ပွဲကျင်းပဖို့ ရက်ပေါင်း၃၃၀ကျော် လိုနေသေးပြီး၊ပြိုင်ပွဲအတွက် လုံခြုံရေးအင်အား အသုံးပြုမှုအခြေအနေ၊ သယ်ယူပို့ဆောင်ရေးအခြေအနေနှင့် အခြေခံအဆောက်အအုံများပြီးစီးမှု တွေကို ၂၀၁၃ ဇွန်၊ ဇူလိုင်လခန့်မှာအတည်ပြုပြောကြားနိုင်မှာဖြစ်ပါတယ်။
Now, SEA Games is more than 330 days away. The number of security members, transportation programmes and progress of building sports facilities for the games will be announced in June or July this year.
ထည့်သွင်းကျင်းပမဲ့အားကစားအရေအတွက်ကိုလည်း ဇန်န၀ါရီလအကုန်မှာ အတိအကျ အတည်ပြုပြောကြားပေးမှာဖြစ်ပါတယ်။ အားကစားအမျိုးအစား ၃၀ကျော်ထည့်သွင်းယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။ရန်ကုန်မြို့မှာရှိတဲ့သုဝဏ္ဏအားကစားကွင်းပြင်ဆင်ပြီးသည့်အပြင်နေပြည်တော်မှာဆောက်လက်စပရိသတ်၃၀၀၀၀ဆံ့ဘောလုံးကွင်းတွေကလည်း၇၅ရာနှုန်းကျော်ပြီးစီးနေပြီးအခြားသောအားကစားကွင်းတွေဆောက်လုပ်နေတာကတော့ ဇွန်၊ ဇူလိုင်လမှာ ပြီးစီးရမှာဖြစ်ပါတယ်။
The number of the sports is to be fixed at the end of January. Over 30 sports are said to be held. So far, Thuwunna Sports Grounds has been renovated, and the ongoing projects for building 30,000-seat football stadiums have been completed by over 75 per cent. Construction of other sports facilities is to be completed by June or July.

No comments:

Post a Comment