အခုဆိုရင်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေသစ်
(FDI Law) စတင်အကျိုးသက်ရောက်ပြီးဖြစ်တာမို့ ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့
ပိုမိုစိတ်ဝင်စားလာပါတယ်။ ဒါကြောင့် အခန်း၄၀၀ကျော်ဆန့် ကြယ်ငါးပွင့်ဟိုတယ်တစ်လုံးပါဝင်တဲ့
အမေရိကန်ဒေါ်လာသန်း၃၀၀တန် အိမ်ရာစီမံကိန်းကို ၂၀၁၃-ခုနှစ်မှ စတင်ကာ ရန်ကုန်မြို့မှာ
ပထမဆုံးအကြိမ်အဖြစ် ဗီယက်နမ်နိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
STRUC: (The Foreign Direct
Investment Law has just come into effect in Myanmar, thus attracting growing
attention from many foreign countries) that are keen to make investment in
Myanmar. So, Vietnam is going to make investment for the first time in a 300
million US dollars housing estate project including a five-star hotel with 400
bedrooms in Yangon this year.
အဆိုပါစီမံကိန်းကို ဗီယက်နမ်နိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး
ရန်ကုန်မြို့မှာ လုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့ Hoang Anh Gia Lai (HAGL) က အကောင်အထည်ဖော်
ဆောင်ရွက်သွားမှာဖြစ်ပြီး ဗီယက်နမ်ကုမ္ပဏီအနေနဲ့ အဆိုပါကဏ္ဍမှာ ပထမဆုံးအကြိမ်ရင်းနှီးမြုပ်နှံမှု ဖြစ်တယ်လို့
ဆိုပါတယ်။
STRUC: (Vietnam-based company
Hoang Anh Gia Lai (HAGL), which also does business in Yangon), will implement
the project and it is its first investment in that field in Myanmar.
“HAGLဟာ ဟိုတယ်နဲ့ခရီးသွားကဏ္ဍကို ၀င်ရောက်လာတဲ့ပထမဆုံး
ဗီယက်နမ်ရင်းနှီးမြုပ်နှံသူ ဖြစ်ရုံသာမက
ဟိုတယ်/ခရီး FDI စုစုပေါင်းရဲ့ ၂၆ရာနှုန်းရှိတာကြောင့် အကြီးဆုံးပြည်ပရင်းနှီးမြုပ်နှံသူလည်း
ဖြစ်ပါတယ်”လို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က
ပြောကြားခဲ့ပါတယ်။
“Union Minister for Hotels and
Tourism U Htay Aung said, “HAGL is not only the first Vietnamese investor in
the hotel and tourism sector but also the largest foreign investor with a 26%
stake in the total hotel and tourism FDI.”
ယင်းစီမံကိန်းကို ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ
အကောင်အထည်ဖော်မှာဖြစ်ပြီး စီမံကိန်းကာလ ပထမအဆင့်ဟာ ၂၀၁၃မှ၂၀၁၅အထိ သုံးနှစ်၊ ဒုတိယအဆင့်ဟာ
၂၀၁၆မှ၂၀၁၈အထိ၃နှစ်ကြာမြင့်မှာ ဖြစ်တယ်လို့သိရပါတယ်။
The project will be implemented in
a strategic area in Yangon in two three-year phases—the first is from 2013 to
2015; and the second, from 2016 to 2018.
မူလက ခရီးသွားလုပ်ငန်းနှင့်အိမ်ရာဈေးကွက်မှာ
စင်္ကာပူ၊ ထိုင်း၊ ဂျပန်နှင့်ဟောင်ကောင်တို့ကသာ အဓိကရင်းနှီးမြုပ်နှံခဲ့ကြပေမဲ့ FDI ကိုအတည်ပြုခဲ့တဲ့
၂၀၁၂-ခုနောက်ပိုင်းမှာတော့ ဗီယက်နမ်နိုင်ငံက အဲဒီ Four-Pillar Position ကို စတင်ထိုးဖောက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။
စီမံကိန်းအတွက် လုပ်ဆောင်ရမည့် ဥပဒေကြောင်းဆိုင်ရာ အဆင့်များအားလုံးကို ဆောင်ရွက်ပြီးဖြစ်တယ်လို့
HAGL Land မှ အထွေထွေဒါရိုက်တာ
လီဟောင်ကပြောကြားခဲ့ပါတယ်။
Previously, Singapore, Thailand,
Japan and Hong Kong were the major investors in the tourism and housing estate
market. However, since 2012, in which FDI Law was adopted, Vietnam has been
trying to vie with them for market share. General Director Lee Yong said that
they had taken all legal steps for the project.
“ဒီစီမံကိန်းစတင်နိုင်ဖို့ ဗီယက်နမ်နိုင်ငံစီးပွားရေးစီမံကိန်းနဲ့ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနရဲ့
လိုင်စင်ချထားပေးမှုကို စောင့်ဆိုင်းနေပါတယ်။ မြန်မာနိုင်ငံဟာ နေ့စဉ်ပြောင်းလဲနေတဲ့
ဈေးကွက်တစ်ခုဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံလိုသူတွေ ပုံအောလာဖွယ်ရှိတာကြောင့် ကျွန်တော်တို့ကလည်း
ဒီဈေးကွက်မှာ နေရာတစ်နေရာတော့ရချင်ပါတယ်” လို့ ၄င်းကဆိုပါတယ်။ မြန်မာနိုင်ငံဟိုတယ်နဲ့ခရီးသွားလုပ်ငန်းမှာ
စင်္ကာပူနိုင်ငံက အကြီးမားဆုံးရင်းနှီးမြုပ်နှံထားကာ ယင်းနောက်တွင် ထိုင်း၊ ဂျပန်နဲ့
ဟောင်ကောင်တို့က အစဉ်လိုက်ရပ်တယ်လျက်ရှိပါတယ်။
He said, “To launch the project,
we are waiting for the Ministry of Economic Planning and Investment of Vietnam
to give us license. Myanmar is an ever-changing market and it is poised to
receive gold rush, so we are eager to gain a foothold in the Myanmar market.”
For the time being Singapore is the largest investor in Myanmar’s hotel and
tourism sector, followed by Thailand, Japan and Hong Kong. (အလှဆင်သူဂျာနယ်၊ ၂-၁-၂၀၁၃၊ စာ-၁၈)
No comments:
Post a Comment